စေတုတ္တရာ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင် အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်အသင်းစုဥက္ကဌ ဦးမြတ်မင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနတိုင်းဦးစီးမှူး ဦးအောင်မင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းထက်အောင်နှင့် မကွေးတိုင်း ဒေသကြီး၊သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌဦးစံကျော်ဝင်းတို့က အမှာစကားပြောကြားသည်။
ထို့နောက် သမဝါယမအသင်းစု၏ (၁.၄.၂၀၁၉)မှ(၃၀.၉.၂၀၂၀)ထိ (၆)လချုပ်နှင့်(၁.၁၀၂၀၁၉)မှ (၃၀.၉.၂၀၂၀)ထိ (၁၂)လချုပ်၊ စုစုပေါင်း(၁၈)လအတွက် နှစ်ချုပ်စာရင်းအတွက် အမှုဆောင် အဖွဲ့၏ အစီရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များ၊ဘဏ္ဍာရေးနှစ်ချုပ်စာရင်း၊ အမြတ်ခွဲဝေစာရင်းများ ဖတ်ကြားရှင်းလင်းသည်။ ယင်းနောက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ရှေ့လုပ်ငန်း စဉ် ဘဏ္ဍာရေးနှစ်ချုပ်ရှင်းတမ်းများအပေါ် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒရယူကာ အတည်ပြုသည်။
ထို့နောက် (၁၄)ကြိမ်မြောက် EXIM Bankချေးငွေ ဦးစွာကြေကြသည့် အသင်း(၃)သင်း အား ဆုများပေးအပ်ချီးမြှင့်သည်။ထို့နောက် မြို့နယ်အသင်းစုဥက္ကဌ ဦးမြတ်မင်းက နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ စေတုတ္တရာမြို့နယ် သမဝါယမအသင်းများ၏ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပေါက်ပေါက်