သတင်းများ

ဝေါမြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ကောင်စီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံ ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ၂၄ရက်နေ့ နံနက်၁၀:၀၀ နာရီက ပြုလုပ်ခဲ့သည်။
တောင်ငူ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် လက်လီဆိုင်များအား ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး​ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းတို့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တို့ ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ဟိုပန်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာသင်ကျောင်းများတွင် သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 24,2021
 ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်  ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီက  ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 
ပေါက်ခေါင်းမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ရောင်းချနိုင်ရေးစစ်ဆေးဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့်နေရာများတွင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်တွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း (အခမဲ့)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါရုံး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။