အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

အမာ   ဇွန်   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့ နံနက်ပိုင်းတွင် အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။

သတင်းစကားလက်ကမ်းစာစောင်တွင်   မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ ကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်များ  စသည့် အသိပညာပေးအကြောင်းအရာများဖြင့် ရေးသားဖော်ပြထားပြီး  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ခံထုတ်ဝေကာ  မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)