မန့်ဟီးရိုး ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက်ပိုင်းက သုတ/ရသစာပေမျှဝေခြင်းဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပဆောင်ရွက်ခဲ့သည်။
ယနေ့ခေတ်လူငယ်များ စာကောင်းပေကောင်းများကို ရွေးချယ်ဖတ်ရှုနိုင်စေရန်နှင့် စာပေ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် ရသစာပေတစ်ခုဖြစ်သည့် ဝတ္ထုတိုတစ်ပုဒ်တွင် ပါဝင်သည့် အချက်အလက်များကို ဖတ်ရှုခြင်းအားဖြင့် မိမိမရောက်ဖူးသည့်ဒေသ၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသနေ ပြည်သူများ၏ အကြောင်း၊ စားဝတ်နေရေး၊ ပညာသင်ယူမှု၊ နေထိုင်မှုတို့ကို သိမြင် ခံစားရမည်ဖြစ်ပြီး ထိုဒေသမြို့ရွာများကို သွားရောက်လည်ပတ်လိုသည့် စိတ်ဆန္ဒများလည်း ဖြစ်ပေါ်ခံစားရမည်ဖြစ်ကြောင်း မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းက အသိပညာပေးမျှဝေခဲ့ကြောင်း သိရသည်။
စန္ဒာ