လိပ်သို ဇွန် ၂၅
ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် အကြောင်း၊ မုံရွာ၀င်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းတို့ပါ၀င်ပြီး အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)