တိုက်ကြီး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဇူလိုင် ည ၉ နာရီခန့်က ဗောဓိကုန်းရပ်ကွက် ဆေးရုံလမ်းဘေးတွင် မိုးသည်းထန်စွာရွာသွန်း၍ အမြစ်ပွကာ အထက(မြို့မ) ကျောင်းခြံစည်းရိုးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လဲကျနေသော လုံးပတ် ၄ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ စိန်ပန်းပင်အား ရှင်းလင်းဖယ်ရှားခဲ့ရာ အထက(မြို့မ)ကျောင်းခြံစည်းရိုး အလျား ၁၀ ပေ၊ အမြင့် ၅ ပေခန့် သံစကာအုတ်တံတိုင်းတစ်ကန့် ပြိုလဲခြင်း၊ နှစ်ခန်းတွဲအိမ်သာနှင့် ရေစည်တို့၏သွပ် ၄ ချပ် ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ ယမန်နေ့ည ၁၀ နာရီ မိနစ် ၃၀ ခန့်က မင်္ဂလာရပ်ကွက် ရန်ကုန်-ပြည် မီးရထားလမ်းဘေးတွင် လျှပ်စစ်ဓာတ်အားလိုင်းပေါ်သို့ အမြစ်ပွ၍ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အမြစ်ပွ၍လဲကျနေသော လုံးပတ် ၂ ပေခန့်၊ အမြင့် ၄၀ ပေခန့်ရှိ ကျွန်းပင်အား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ မီးရထားလမ်းမှာ ပုံမှန်သွားလာနိုင်ပြီကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)