ကော့မှူး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းများနှင့်ခြင်ဆေးဖျန်းခြင်းများကို ဇူလိုင် ၁၂ ရက်က ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ သွေးလွန်တုပ်ကွေးလက္ခဏာဖြစ်ပွားနေသော ဘန်ဘွေးအိုင်ကျေးရွာ၌ကျန်းမာ ရေးဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအားဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငှက်အော်စမ်းကျေးရွာကျန်မားရေးဌာနမှ ကျန်းမာရေးမှူး-၂ ဒေါ်မာလာ ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ခြင်များခိုအောင်းပေါက်ဖွား မှုမရှိစေရေးအတွက် ဘုရားပန်းအိုးများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ရေအိုး၊ ကျောက်စည်၊ ရေတိုင်ကီများအတွင်း အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိသော ဘန့်ဘွေးအိုင်ကျေးရွာ၌ ကျန်းမာရေးမှူး-၂ဒေါ်မာလာဝင်းက ကျန်းမာရေးအသိပညာပေး ပြောကြားရာတွင် သွေးလွန်တုပ် ကွေးရောဂါသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင်ထားသောနေ့အချိန်တွင် ကိုက်လေ့ရှိပြီး ၊ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ပြည်သူများကြိုတင်ကာကွယ်၍ရသောရောဂါဖြစ် ကြောင်း ၊သွေးလွန် တုပ်ကွေးရောဂါသည် ကလေး လူကြီး ကျား/မ မရွေးဖြစ်ပွားနိုင် ကြောင်းစသည့် သွေးလွန်တုပ် ကွေးရောဂါနှင့်ပတ်သက်သောအကြောင်းအရာများအား ပြောကြားခဲ့ပြီး လူနာနေအိမ် ဝန်းကျင်တွင်ဖျားနာသူရှိ မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)