တိုက်ကြီး ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်သည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီခွဲက မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာ အောင်မြင့်မိုရ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။
ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးသူအောင်က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကျေးရွာမြေငှားဂရန် ထုတ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သတ်မှတ်လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် ကိုက်ညီသည့် ကျေးရွာမြေငှားဂရန် ၅၀ အား ကျေးရွာမြေငှားဂရန် လျှောက်ထားသည့် ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)