သတင်းများ

ဘုတ်ပြင်းမြို့နယ်တွင် တရုတ်နိုင်ငံထုတ် SinoPharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် တရုတ်နိုင်ငံထုတ် SinoPharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ(၁၃၅၀)လုံး လက်ခံရရှိပြီး ဇူလိုင်လ(၃၁)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့အထိ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး  ကော်မတီမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့်စစ်ဆေးရာ (၉)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ
Aug 07,2021
            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်(၉)နာရီမှ  မွန်းလွဲ(၂)နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကျား(၅)ဦး မ (၄)ဦး ပေါင်း(၉)ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြိုနယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Aug 07,2021
            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို၊ ဆေးထိုးစုရပ် (၂)ခုတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၅ဦး ထပ်မံတွေ့ရှိ
Aug 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး ရှိသူ(၅)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။
ဒဂုံမြို့နယ်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
 အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေး
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် တရုတ်နိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီကစတင်ကာ ညနေ (၄)နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမနှင့် မြို့ပေါ် (၃)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့၌ ဒုတိယအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေး
Aug 07,2021
ဟိုပန်မြို့၌ ဒုတိယအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဟိုပန်မြို့ ကောင်းဟုန်းရပ်ကွက်ရှိ “ဝ”နှစ်ချင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူ (၆၃၉၂)ဦးအထိ ထိုးနှံပြီးစီး
Aug 07,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ် ၆ ရက်တွင် သတ္တမမြောက်ရက်အဖြစ် သက်ဆိုင်ရာစုရပ်များ၌ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက် ထိုးနှံသူပေါင်း (၁၁၃၄)ဦးရှိကြောင်း သိရသည်။