သတင်းများ

မအူပင်မြို့နယ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှသူများနှင့် ကူညီပါဝင်ဆောင်ရွက်နေသူများ၏ စကားသံများ
Aug 06,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သီလရှင်၊ စေတနာ့ဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများအား ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီစတင်ကာ မြို့နယ်အတွင်းရှိ စုရပ် အဖွဲ့ ၆ ဖွဲ့ နေရာ ၆ နေရာတွင် ထိုးနှံပေးလျက်ရှိပါသည်။
ညောင်တုန်းမြို့နယ်တွင် ကိုဗစ် ၁၉-ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ထိုးနှံပေးလျက်ရှိသည်။
တနင်္သာရီမြို့နယ်အတွင်း ကာကွယ်ဆေးထိုး စုရပ်(၄)ခုမှာ (၃၂၂)ဦးအား၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များနှင့် နိုင်ငံဝန်ထမ်းများ စသဖြင့် ဦးတည်အုပ်စုများအဖြစ် သတ်မှတ်ဆေးထိုးစုရပ်နေရာများမှာ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီမှ ညနေ၄နာရီအထိ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ထန်းတောရိုးကျေးရွာနေပြည်သူ(၂၆၄)ဦးတို့အား အကျိုးပြုမည့် အိမ်တိုင်ရာ ရောက်ရေပေး ဝေရေး လုပ်ငန်းများ(၉၀%)ဆောင်ရွက်ပြီးစီး
Aug 06,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသည့် ဇလင်းတောင်ကျေးရွာအုပ်စု၊ ထန်းတောရိုးကျေးရွာ အိမ်တိုင် ရာရောက်ရေးပေးဝေရေးလုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ဩဂုတ်(၅)ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ ဘန်လောရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ ပြုလုပ်
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ ပုံမှန်ရရှိရေးအတွက် ရည်ရွယ်လျက်ဘန်လော ကျေးရွာအုပ်စု-ဘန်လောအရှေ့ရွာတွင် ဇူလိုင် ၅ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘန်လောအရှေ့ရွာဘက်စုံသုံး (CDD) ခန်းမအတွင်း ပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇင်ဦးနှင့် ဝန်ထမ်းများ၊ ဘန်လောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ရပ်မိရပ်ဖများ၊ ဆိုင်ကယ်ပြင် သင်တန်းသားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စစ်ဌာနချုပ်တိုင်းမှူးတို့ မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ်များရှိ တပ်မတော်နှင့် ပုဂ္ဂလိကမွေးမြူရေးခြံများ ကြည့်ရှုစစ်ဆေး
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ကြီးကြပ်ကွပ်ကဲမှု အောက်ရှိ မင်္ဂလာဒုံ နှင့်မှော်ဘီမြို့နယ်များ ရှိမွေးမြူရေး စခန်းများနှင့် ပုဂ္ဂလိကမွေးမြူရေး ခြံများသို့သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ပိုင်းမှစတင်၍ သတ်မှတ်ထားသည့် စုရပ်နေရာအသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျောင်း တိုက်အသီးသီးရှိ ဆရာတော်သံဃာတော်များ၊ ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။