သတင်းများ

ထန်းတပင်မြို့ရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Aug 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြား လာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၊လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ရေဘေးရှောင်ပြည်သူများ နေအိမ်အသီးသီးသို့ ပြန်လည်ပြောင်းရွေ့
Aug 07,2021
ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်း မြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၀၂၂ အထက်ကျော်လွန် မြင့်တက်ခဲ့သည့်အတွက် ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသမှ ပြည်သူများအား မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာမှ တာဝန်ရှိသူများက ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေး ခဲ့ရကြောင်း သိရသည်။
မြဝတီမြို့၌ ဆွမ်း/ကွမ်းလှူဒါန်းရန်လိုအပ်သော ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင် စာသင်တိုက်အား ထောက်ပံ့လှူဒါန်း
Aug 07,2021
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ Stay at Home ကာလ၌ ဆွမ်း/ကွမ်း လှူဒါန်းရန်လိုအပ်သော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်အား  နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြဝတီမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ယမန်နေ့ ညနေ (၄)နာရီအချိန်က လိုက်လံထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လင်းခေးခရိုင်ရှိ နားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအား ဆွမ်းဆန်တော်နှင့် အလှူငွေများဆက်ကပ်လှူဒါန်း
Aug 07,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ရှိ နားကုန်းဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းတော်နှင့်အလှူငွေများ ပေးအပ် လှူဒါန်းပေးကြကြောင်း သိရသည်။
ဖာပွန်မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးတွင် သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
Aug 07,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ကျောင်းတိုက်အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖာပွန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ်အတွင်း မွေးမြူရေးနှင့် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊ အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး
Aug 07,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာ ရှိ ဦးထွန်းထွန်းလွင်  ပိုင်ဆိုင်သော CP အသားတိုးကြက်မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူမှ ကြက်မွေး မြူရေးလုပ်ငန်းကို လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းက CP ကုမ္ပဏီနှင့် အကျိုးတူ မွေးမြူဆောင်ရွက်ခဲ့ ကြောင်း၊ ကြက်(၁)ယူနစ်လျှင် အကောင်(၃၀၀၀)ရှိပြီး၊ (၄၅)ရက်ခန့် မွေးမြူပြီးပါက (၁)ပိဿာခွဲခန့် အရွယ် ရရှိကာ ဈေးကွက်အတွင်းသို့ ဖြန့်ခွဲရောင်းချပါကြောင်း၊ တစ်ယူနစ်မွေးမြူလျှင် အကျိုးအမြတ် အနေဖြင့် သိန်း(၂၀)ဝန်းကျင်ခန့် ရရှိကြောင်း၊ မွေးမြူသူများအနေဖြင့် နေရာ၊ ကြက်ခြံနှင့် လုပ်အားခသာ စိုက်ထည့် ရသည့်အတွက် အကျိုးအမြတ်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့မှုအပေါ် လိုအပ်သည်များ မှာကြားကာ မွေးမြူရေးခြံအတွင်း အသားတိုးကြက် မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့သည်။
ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုတွင် (၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ နှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကိုကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)နေ့ ဆက်လက်ထိုးနှံပေး
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက်ကာကွယ်ဆေး(ဒုတိယ)နေ့ ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉) နာရီအချိန်က အ-ထ-က-ရာဖူးကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူ(၉၀)ဦးနှင့် မိသားစုဝင် တစ်ဦးပါ(၉၀)ဦးအား တစ်ဦးလျှင် ဆန်(၄)ပြည်နှုန်း ထောက်ပံ့ပေးအပ်
Aug 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ(၉၀)ဦးနှင့် မိသားစုဝင်တစ်ဦးပါ(၉၀)ဦးတို့အား တစ်ဦးလျှင် ဆန်(၄)ပြည်နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုများအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။