သတင်းများ

သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှု များအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အလယ်ကုန်းရပ်ကွက်၊ထန်းပင်ကုန်းကျေးရွာ၊ညောင်နီကုန်းကျေးရွာ၊ရေလဲကျေးရွာအောက်လက်ပံခုန်းကျေးရွာများရှိလမ်းဆုံလမ်းခွတို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သည့် လူနာများ အသုံးပြုနိုင်စေရေး အောက်ဆီဂျင် ၄၀ လီတာ ၂၀ ဘူးနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Aug 09,2021
             မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သည့် လူနာများ အသုံးပြု နိုင်စေရန် အောက်ဆီဂျင်  ၄၀ လီတာ ၂၀ ဘူးနှင့်  အလှူငွေများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 
အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen Plant စက်(၁)လုံး မတည်သဖြင့် စက်ရုံတည်ဆောက်နိုင်ရေးဆောင်ရွက်
Aug 09,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်း Oxygen Plant (၁)ခု ကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မတည်၍တည်ဆောက်ပေးသွားမည်ဖြစ်ပြီး Oxygen Plant စက်ရုံ(၁)လုံးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ ဦးဆောင်၍ အလှူရှင်များ ထည့်ဝင်လှူဒါန်းနိုင်ရေး နှိုးဆော်ဆောင်ရွက်ခဲ့ရာ စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေ ကျပ်သိန်း(၂၀၀) လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လာရောက်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
သထုံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအဖွဲ့များထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 09,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျှက်ရှိသည့် လူမှုကူညီရေးအသင်းများအား မွန်ပြည်နယ်ဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို ဩဂုတ်လ ၈ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူ(၉၁၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး   
Aug 09,2021
           ကျိုက်ထိုမြို့နယ်အတွင်းရှိ  ပြည်သူများအား COVID-19  ကူးစက်ရောဂါ   ကာကွယ်ဆေးကို  ဇူလိုင်  ၂၉  ရက်နေ့မှ စတင်၍   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ    ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်    အဖွဲ့ဝင်များ၊   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး    ဒေါက်တာ ခွန်မောင်အိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ပါဝင်သော     အဖွဲ့သည်      ကျိုက်ထိုမြို့      ကံ့ကော်ရပ်ကွက်ရှိ အမှတ်(၁)  အခြေခံပညာ    အထက်တန်းကျောင်း  Centre (၁)၊     Centre (၂) နှင့်အတူ  မြို့နယ်သာသနာ့ဗိမာန် ၊ ကျိုက်ထိုပြည်သူ့ဆေးရုံတို့၌ နေရာ(၄)ခုခွဲ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ဆေးကို ထိုးနှံပေးခဲ့သည်။    
ဂန့်ဂေါတွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေး
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၈ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၄၃၄)သိန်းထုတ်ချေးပေး
Aug 09,2021
            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန်ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ(၄၃၄)သိန်း ကို ယနေ့နံနက် (၁၀) နာရီက ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။