သတင်းများ

ကျောက်ဆည်မြို့နယ် ရဲကြီးကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ( ၃၈၂ )သိန်းထုတ်ချေးပေး
Aug 11,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ မိသားစု၀င်ငွေတိုးပွားစေရန် ၊အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိစေရန်ရည်ရွယ်၍ တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ (၃၈၂) သိန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရဲကြီးကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၄)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအနက်(၂)ဦး ဆေးရုံဆင်းခွင့်ရ
Aug 11,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တောပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ(၄)ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်မှုများ ဆောင်ရွက်
Aug 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်(၉)နာရီအချိန်က သိန်တန်းရပ်ကွက်နှင့် ဒုံးတိုကျေးရွာတွင် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉၃၂)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ
Aug 11,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဒုတိယမြောက်နေ့ဖြစ်သည့် ယမန်နေ့အထိ သက်ကြီးဘိုးဘွား(၉၃၂) ဦးက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်စက်နှင့် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လှူဒါန်း
Aug 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများနှင့် အသက်ရှုကြပ် လူနာများအတွက် ကူညီကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အသက်ကယ်(လေ) အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင်စက်နှင့်ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးသုံးဆက်စပ်ပစ္စည်းများအား မိုးစေတနာ ပရဟိတ(ရန်ကုန်)သို့ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ စဉ်ဆက်မပြတ် အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာ
Aug 11,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေ ၅ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ ကြေညာခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြဝတီမြို့ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ် ကုန်သွယ်ရေး ဆိုင်ရာများ ကြည့်ရှုစစ်ဆေး
Aug 11,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲက မြဝတီမြို့သို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂွမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့်အခြား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 11,2021
ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများက စုပေါင်း၍ ယမန်နေ့ နေ့လည်ပိုင်းတွင် မင်းဓမ္မရိပ်သာကျောင်း၊ အေးရိပ်သာမင်းတောင် တောင်ပေါ်ကျောင်း၊ မင်းတောင်တောရကျောင်းနှင့် မင်းတောင်မြကန်သာကျောင်းစသည့် ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်နှင့်အခြား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။