သတင်းများ

ဗန်းမော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်တွေ့ကြုံလာပါက ရွှေ့ပြောင်းထားရှိနိုင်မည့် နေရာများ ပြင်ဆင်ဆောင်ရွက်
Aug 11,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နှစ်စဉ်မိုးတွင်းကာလ၌ ကြုံတွေ့နေရသော သဘာဝဘေး အန္တရာယ်ဖြစ်သည့်ရေကြီးရေလျှံမှုကို ဖြစ်ပွားလာပါက ရွှေ့ပြောင်းထားရှိနိုင်သည့် နေရာများ ပြင်ဆင် ဆောင်ရွက်မှုကို ယနေ့ နံနက် ၉ နာရီက မြို့နယ်သဘာဝဘေး အန္တရာယ်ရှာဖွေ ကယ်ဆယ်ရေးကော်မတီဝင်များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လေးမျက်နှာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအား ဒုတိယအကြိမ်မြောက်ပြန်လည်ထုတ်ချေး
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးလက်နေပြည်သူများ၏ မိသားစုဝင် ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန်အတွက်(CERP)အရ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ညောင်ပင်ဝဲကျေးရွာအား ယနေ့နံနက် ၉ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးစိုးကျော်သူနှင့်ဝန်ထမ်းများမှကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ အရင်းမပျောက်လည်ပတ်ရန်ပုံငွေပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။ 
ဇလွန်မြို့နယ်အတွင်းရှိစေတနာ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းပေး
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဇလွန်မြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်း Volunteer များအား ကျန်းမာရေး ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ခြင်း လုပ်ငန်းနှင့်ပတ်သက်သည့်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့ သာသနာဗိမာန် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ (အရန်ဆေးရုံ)သို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ သာသနာဗိမာန် ကိုဗစ်-၁၉ရောဂါ ကာသရေးစင်တာ(အရန်ဆေးရုံ)သို့ ယမန်နေ့ ညနေပိုင်းက ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်၌ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တွင်  စေတနာ့ဝန်ထမ်းများအား ကာကွယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက်၉နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ရေး ဆောင်ရွက်
Aug 11,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင် ရွာသစ်မြို့တွင် ရောဂါပြန့်ပွားမှု မရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဆွေဆွေအေးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား လှည့်လည်အသိပညာပေး နှိုးဆော်
Aug 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာခြင်း မရှိစေရန်နှင့်ထိန်းချုပ်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး/သတိပေး နှိုးဆော်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဝမ်ပုံကျေးရွာအုပ်စု ရှိကျေးရွာများနှင့် အမှတ်(၄)ရပ်ကွက် တို့တွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ရွာငံမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ရန်နှိုးဆော်
Aug 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်အောက်ဆီဂျင်စက်ရုံကို ရွာငံမြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများနှင့် အနန္တဇိနမျက်စိဆေးရုံမှ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ကော်မတီများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း၍ အနန္တဇိနဘုရားကုန်းတော်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။