မြေပုံ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် လူမှုကူညီရေးပရဟိတလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ပေးနေသော ကရုဏာ(နာရေး)ကူညီမှုအသင်းတည်ရှိရာ မြေပုံမြို့ ကံသာထွက်ဝရပ် ကွက်ရှိ အသင်းရုံးသို့ ယနေ့ နံနက် ၈ နာရီက သွားရောက်၍ အသင်း၏လုပ်ငန်းဆောင် ရွက်နေမှုများကို တွေ့ဆုံမေးမြန်းသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှသွားရောက်၍ ကရုဏာ(နာရေး)ကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်မျိုးဝေအား အသင်းစတင်ဖွဲ့စည်းပုံ၊ အသင်း၏ရည်ရွယ်ချက်၊ အသင်းမှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ပရဟိတလုပ်ငန်းများ၊ အသင်းဝင်/အသင်းသားအရေအတွက်ဦး ရေ၊ အသင်းရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ရံပုံငွေရှာဖွယ်ခြင်းစသည်တို့ကို မေးမြန်းဆွေးနွေးရာ ကရုဏာ(နာရေး)ကူညီမှု အသင်းဥက္ကဋ္ဌမှ မေးမြန်းဆွေးနွေးချက်များအပေါ် စိတ်ဝင်တစားပြန်လည် ဖြေကြားပေးသည်။
တင်ဝင်း