တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံနှင့် Positive Cemtre များမှကိုဗစ်လူနာ(၉)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့

 

တနင်္သာရီ ဩဂုတ်လ ၂၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာကုသဆောင်နှင့် တနင်္သာရီခန်းမ COVID-19 Positive Cemtre ၊ အထက-တနင်္သာရီ COVID-19 Positive Cemtre ပိုးတွေ့လူနာစောင့်ကြည့်ဌာနများအတွင်း ကျန်းမာရေးစောင့်ကြပ်ဆေးဝါးကုသမှု ခံယူနေကြသည့် ကိုဗစ်လူနာပေါင်း(၂၃၁)ဦးအနက်(၉)ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန် သက်သာလာ၍ သတ်မှတ်ကန့်သတ်ကာလ ရက်ပြည့်ပြီဖြစ်ခြင်းကြောင့် ယမန်နေ့ မွန်းလွှဲ၂ နာရီအချိန်မှစ၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ညွှန်ကြားချက်အရ ဆေးရုံမှနေအိမ်သို့ ပြန်လည်ဆင်းခွင့်ပြုပြီး ဆေးရုံဆင်းခွင့်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရှိရ

သည်။

၎င်းတို့မှာ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင် Isolation Ward မှ ကျား(၂)ဦး + မ(၅)ဦး၊ အထက-တနင်္သာရီ Positive Cemtre မှ ကျား(၁)ဦး+ မ(၁)ဦး..၊ပေါင်း ကျား(၃)ဦး + မ(၆)ဦး..စုစုပေါင်း(၉)ဦးတို့ဖြစ်ကြသည်။

အဆိုပါဆေးရုံမှဆင်းခွင့်ပြုသူ(၉)ဦးတို့အား ဆေးရုံမှဆင်းခွင့်ပြုသည့်နေ့မှစ၍ မိမိတို့၏နေအိမ် တွင် အသွားအလာကန့်သတ်၍ Home Quarantine (၇)ရက်တိတိ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျနေထိုင်ကြပါရန် မြို့နယ်ဆရာဝန် ကြီးက အသိပေး/သတိပေးမှာကြားကြောင်း သိရှိရသည်။

သို့ပါ၍ ယမန်နေ့ညနေအထိ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံအုပ်ချုပ်မှု ဖြစ်သော ပြည်သူ့ ဆေးရုံသီးသန့်လူနာဆောင်အတွင်း ကျား(၈)ဦး+ မ(၁၉)ဦး..ပေါင်း(၂၇)ဦး။ အထက-တနင်္သာရီ Positive Cemtre အတွင်း ကျား(၃၄)ဦး+ မ(၃၅)ဦး၊..ပေါင်း(၆၉)ဦးနှင့် အထက-ညောင်ပင်ကွင်းရွာ Positive Cemtre အတွင်း ကျား(၃၁)ဦး+မ(၂၂)ဦး..ပေါင်း(၅၃)ဦးစုစု ပေါင်းအားဖြင့် ကျား(၇၃)ဦး+မ(၇၆)ဦး၊ ပေါင်း(၁၄၉)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

 

နန်းသာရီ