ပေါင်မြို့နယ် ပြည်သူ့ဆေးရုံးဝန်းအတွင်းနှင့် Oxygen Plant စက်သစ်ကြီးထားရှိမည့် နေရာများအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 


ပေါင်     သြဂုတ်  ၂၁

မွန်ပြည်နယ်၊ သထုံခရိုင်၊ ​ပေါင်မြို့နယ်ပြည်သူ့ဆေးရုံးဝန်းအတွင်းနှင့်  Oxygen Plant စက်သစ်ကြီး ထားရှိမည့် နေရာများအတွင်း မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၇နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ပေါင်းမြတ်များ ခုတခြင်း၊ မြတ်ရိတ်စက်ဖြင့် ဖြတ်ခြင်း၊ သစ်ပင်များအားခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ကြပြီး ရှင်းလင်းပြီးပေါင်းမြတ်များနှင့် သစ်ကိုင်းသစ်ခက်များအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ကားများဖြင့် သယ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်းသတင်းရ ရှိသည်။

ဦးဝဏ္ဏမောင်