အမာ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူလူနာ (၂) ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့ လူနာ(၅)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့်ရကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာမှာ အမာမြို့မ(၁)ရပ်ကွက်မှ အသက်(၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၈)နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့သည် နေမကောင်း၊ အနံ့မရရှိ၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသဖြင့် RDT tast kits ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။
ယနေ့တွင် အမာမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများမှ တယ်ပင်ဆိပ်ကျေးရွာတွင် နေထိုင်သော အမျိုးသား(၁)ဦး၊ အမာမြို့မ(၄)ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ အမာမြို့(၂) ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး တို့သည် ဆေးရုံမှဆင်းခွင့် ရရှိခဲ့ကြောင်း၊ ၎င်းတို့အား မိမိတို့၏ နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။
အမာမြို့အနေဖြင့် ယနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၀၉)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း(၇၅)ဦး ရှိပြီဖြစ်ပြီး အမာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ထိ ဆေးကုသမှု ခံယူနေသောလူနာစုစုပေါင်း (၂၉) ဦးရှိကြောင်း အမာမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အမာ (ပြန်/ဆက်)