တွံတေးမြို့နယ်တွင် ပြည်သူများအား မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တန်ဖိုးသင့် ဆန်နှင့်ဆီများ ရောင်းချပေး
Aug 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့၊ အိုးဖိုအရှေနှင့်၊ ကွမ်းခြံရပ်ကွက်ရှိအုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင် ရေးနှင့်ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ ကြောင်း သိရ သည်။