ဝေါ သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Stay At Home ကာလအတွင်း ပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် ဆန်လှည့်လည်ရောင်းချခြင်းကို ယမန်နေ့တွင် ဝေါမြို့ အရှေ့ဘက်ကမ်း အလင်းရောင်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် စတင်ရောင်းချပေးခဲ့သည်။
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများတွင် အခက်အခဲ အမျိုးမျိုးကြုံတွေ့ရပြီး စားဝတ်နေရေးအခက်အခဲများနှင့် အခြေခံအိမ်သုံးဆေးဝါး အခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့လျက်ရှိကာ နည်းအမျိုးမျိုးဖြင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် ၊ဗိုလ်မှူးမျိုးဝင်းအောင်နှင့် အဖွဲ့ဝင်များက ပြည်သူများ အဆင်ပြေချောမွေ့စေရန် ဝေါမြို့ ကိုဗစ်ကော်မတီအနေဖြင့် ပြည်သူများထံသို့ နေစဉ်သွားရောက် လှည့်လည်ကာ ဆန်များအား စျေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း