ပုလောမြို့တွင် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးနှင့် အရေးယူခြင်း ဆောင်ရွက်လျက်ရှိ

ပုလော ဩဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈  နာရီက မြို့နယ်ခန်းမအရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွား မိဘပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/ မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ အရေးယူခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးမင်းစိုး ဦးဆောင်၍ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ခရီးသွား ပြည်သူများအား ဒဏ်ငွေဆောင်စေခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အေးအေးမော်