သတင်းများ

လက်ပံတန်းမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Aug 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ရောဂါကူးစက်ပြန့်ပွား မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့က လက်ပံတန်းမြို့နယ်အနောက်ဘက်ခြမ်း သာရဝေါတိုက်နယ်၊ ခမုံ တိုက်နယ်နှင့် ဇီးဖြူကုန်းတိုက်နယ်ရှိ ကျေးရွာအုပ်စုများအတွင်း မှီတင်းနေထိုင် ကြသော မိဘပြည်သူများထံသို့ အဖွဲ့(၃)ဖွဲ့ဖြင့် အသိပညာပေး လိုက်လံနှိုးဆော် ခဲ့ကြသည်။
ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေး ခန်းမတွင် ယမန်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၏ ဒုတိယအကြိမ်​ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက်မှ ရောဂါပျောက်ကင်းသူ (၂)ဦး  ဆေးရုံဆင်းခွင့်ရ
Aug 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်  ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံ တို့တွင် ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သူ အမျိုးသမီး (၂)ဦးအား ယနေ့ နံနက်က ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရသည်။
ပဲခူးခရိုင်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် အခြေခံလူတန်းစား ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး Mobile Market ဈေးကားများဖြင့် ဆန်များရောင်းချ
Aug 25,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုနှင့် ပဲခူးခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဩဂုတ်လ (၂၃)ရက်နေ့ ညနေပိုင်းအချိန်မှစတင်၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း  ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ကဝ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်၊ ဝေါနှင့်သနပ်ပင်မြို့နယ်များတွင် အခြေခံလူတန်းစားများ စာရေးအတွက် အခက်အခဲမရှိစေရန်၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးရန် ဈေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေးကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Aug 25,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင်  အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 25,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် လတ်တလောဖြစ်ပွား နေသည့် ကူးစက်မြန် ကိုဗစ်(၁၉) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။