သတင်းများ

ကျောက်တော်မြို့ရှိ မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့်သား/ငါးတန်းစသောနေရာများ၌ We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့် အသား/ငါးရောင်းချသောနေရာများတွင် ယနေ့ နံနက် ၈ နာရီက We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများအား အသံချဲ့စက်ဖြင့်လှည့်လည်ဆော်ဩ
Aug 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ   မြောက်ဦး ၊ ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့နယ် များ၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် ယနေ့  နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာ များပူးပေါင်းပါဝင်သော အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပေးချက်များ အား အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်စုဖွဲ့​ခြင်းတွံတေး၌ဆောင်ရွက်
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ အသင့်စုဖွဲ့ထားရှိပြီရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက် နေမှု ကိုယမန်နေ့နံနက်ပိုင်းကမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မြောက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Aug 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့် ပွားမှုများမရှိစေရန်အတွက် မြန့်မာ့စီးပွားရေးဘဏ်ဝန်ထမ်း များက ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဩဂုတ်လ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီပင်စင်လစာထုတ်ပေး
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကာလအတွင်း မိဘပြည်သူပင်စင်စားများအတွက် ပင်စင်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
အုတ်ဖိုမြို့တွင်အရပ်ရပ်ဆိုင်ရာလိုင်စင်များ ဒုတိယအကြိမ်လေလံတင်ရောင်းချ
Aug 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အစည်းဝေးခန်းမတွင် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ ဒုတိယအကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီ ၃၀အချိန်က ကျင်းပခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အသင့် စုဖွဲ့ထားရှိ
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် အခြား သောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် တပ်စုအားမြို့နယ် မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့ထားရှိကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုင်းယောင်းမြို့တွင် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန် ပစ္စည်းများ မတန်တဆကြီးမြင့်မှု မရှိစေရေး စစ်ဆေး
Aug 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများ မတန်တဆ ကြီးမြင့်မှု မရှိစေရေးအတွက် ယနေ့တွင် မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကြပ်မတ်စစ်ဆေးခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။