သတင်းများ

အမာမြို့ နေသူရိန်လမ်းမပေါ်ရှိ ပျက်စီးနေသော နေရာများကို ပြုပြင်ဖာထေးခြင်း လုပ်ငန်းဆောင်ရွက်
Jan 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နေသူရိန်လမ်းမပေါ်ရှိ ပျက်စီးနေသော နေရာများကို လိုက်လံပြုပြင် ဖာထေးခြင်းလုပ်ငန်းကို အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥဒေများအား ဆွေးနွေးပွဲပြုလုပ်
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့ မဏိစည်သူဈေး၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Jan 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မဏိစည်သူဈေးတွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ ယနေ့ နံနက် ၈ နာရီက ဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့က နှာခေါင်းစီးမဖြစ်မနေတပ်ဆင်ရေး Mask Campaign အသိပညာပေးလုပ်ငန်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 21,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက် (၉) နာရီခန့်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁) ဒုတိယနေ့ ကျင်းပ
Jan 21,2021
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြသည်။
ထန်တလန်၌ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီး‌လောင်မှုဖြစ်ပွား
Jan 21,2021
ထန်တလန်မြို့မှ ၄ မိုင်ခန့်အကွာ၌ ယနေ့နံနက် ၁နာရီ ၄၅ မိနစ်အချိန်က မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကျွန်းစုမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ (၂)နာရီခွဲအချိန်က ကဘင်းချောင်း ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။