လောင်းလုံးမြို့နယ်တွင် သဲ/ကျောက်တင်ယာဉ်များ စည်းကမ်းတကျ မောင်နှင်စေရေး ကြီးကြပ်စစ်ဆေး

လောင်းလုံး ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောင်းကင်းကျေးရွာနှင့်သောကြာပြင် ကျေးရွာရှိ ကားလမ်းတစ်လျှောက်တွင် သဲ/ ကျောက် တင်ယာဉ်များအား စည်းကမ်းရှိစွာ မောင်းနှင်သွားလာနိုင်စေရေးအတွက် ကြီးကြပ်စစ်ဆေးမှုပြုလုပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ရာတွင် လောင်းလုံး မြို့နယ်စည်ပင်သာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်း၊ ထားဝယ်မြို့နယ်မှ အမှတ်(၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ကြပ်နေစိုးဦးနှင့်အဖွဲ့ဝင်များ၊ ကမြောင်းကင်းကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ သဲ/ ကျောက် တင်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်အတိုင်း မောင်းနှင်သွားကြရန်၊ ဝန်ပိုမတင်ရန်၊ အမြန်နှုန်းဖြင့်မောင်းနှင်ခြင်းမပြုပဲ သတ်မှတ်နှုန်းအတိုင်းမောင်းနှင်ကြရန် စသည့်စည်းကမ်းချက်များကို ယာဉ်မောင်းသူများအား တစ်ဦးချင်း အသိပညာပေးခဲ့ကြောင်းသတင်းရရှိသည်။

သိန်းသိန်း(ပြန် / ဆက်)