အမာ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နေသူရိန်လမ်းမပေါ်ရှိ ပျက်စီးနေသောနေရာများကို လိုက်လံပြုပြင် ဖာထေးခြင်းလုပ်ငန်းကို အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာမြို့၊ နေသူရိန်လမ်းမကြီးသည် ကွန်ကရစ်လမ်းခင်းထားခြင်းဖြစ်ပြီး အချို့နေရာများတွင် နှစ်ကြာရှည်သည့် ဒဏ်၊ မိုးတွင်းကာလ ရေဝပ်သည့် ဒဏ်များကြောင့် အချို့နေရာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် လမ်းသွားလမ်းလာ ပြည်သူများ အဆင်မပြေဖြစ်နေသဖြင့် ယခုပွင့်လင်း ရာသီကာလ ဖြစ်သည့်အတွက် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ပျက်စီးနေသည့် လမ်းနေရာများကို ကတ္တရာဖြင့်ပြုပြင်ဖာထေး ပေးလျက်ရှိကြောင်းကို အမာမြို့၊ စည်ပင်သာယာရေး အဖွဲ့ရုံးမှ အင်ဂျင်နီယာ ကိုမင်းဇော်ဦးထံမှ သိရသည်။
နော်လေး(အမာ)