သတင်းများ

88 th ASEAN-BAC အစည်းအဝေးကျင်းပ
Jan 21,2021
(၈၈)ကြိမ်မြောက် အာဆီယံစီးပွားရေး အကြံပေးကောင်စီ ASEAN-BAC အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ ဗဟိုအလုပ်အမှု ဆောင် ဦးမိုးကျော်တို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။
ဝက်လက်မြို့နယ်၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကိုက်လံအဖြူ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိ
Jan 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ခေါတောကျေးရွာတွင် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ကိုက်လံအဖြူ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စာဝတ်နေရေး အဆင်ပြေကာ အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
ရွာသစ်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ အသိပညာပေး
Jan 21,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ညနေ ၅နာရီ အချိန်တွင် မြောက်ပိုင်းရပ်ကွက် စတုမာလာဓမ္မာရုံ၌ ကျင်းပသည်။
ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဝေးလံသော တောင်ပေါ်ဒေသ တိုင်းရင်းသားဒေသခံများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jan 21,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးမှ ယမန်နေ့ နေ့လယ် (၁၂)နာရီ အချိန်က တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စု ကျွဲခြံကျေးရွာရှိ KNU ကရင်အမျိုးသား အစည်းအရုံး ဆက်ဆံရေးရုံး၌ မြို့နယ်အတွင်းရှိ ဝေးလံသော တောင်ပေါ်ဒေသမှ တိုင်းရင်း သားဒေသခံများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
အင်းတကော်မြို့တွင် ရဟန်းသံဃာ၊ သီလရှင်၊ ပြည်သူများအား စတုတ္ထအကြိမ် ဆန်အိတ်များ လှူဒါန်း
Jan 21,2021
ပဲခူးမြို့နယ် အင်းတကော်မြို့၌ ယမန်နေ့ နံနက်ပိုင်းက ဒေါင်းအိုးဝေ မိသားစုမှ ရဟန်းသံဃာ၊ သီလရှင်နှင့် ပြည်သူများအား စတုတ္ထအကြိမ် ဆန်အိတ်များ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ) သီးထပ်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး
Jan 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာ အုပ်စု၊ အင်းရွာကျေးရွာ တောင်သူဦးချစ်ဖေ၊ ကွင်းအမှတ်-၁၀၃၅၏ လယ်မြေတွင် သီးထပ်စိုက်ပျိုးထားသော ဆောင်းသီးနှံ (မြေပဲ) စိုက်ခင်းအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်ခိုင်နှင့် ဝန်ထမ်းများ မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလား၊ အထူးဒေသ(၄)တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူမရှိတော့၍ ကုန်စည်စီးဆင်းမှုအတွက် နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတားကို ပြန်လည်ဖွင့်လှစ်
Jan 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အခြေအနေများကြောင့် အထူးဒေသ(၄)အဖွဲ့မှ နယ်စပ်ကုန်သွယ်ရေးတံတားဖြစ်သည့် မိုင်းယု-ကျိန်းယဲန်း တံတားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ရက်အကန့်သတ်မရှိ ယာယီပိတ်ထားခဲ့သည့်တံတားကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 21,2021
တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်၊​ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စုရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။