မိုင်းခတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥဒေများအား ဆွေးနွေးပွဲပြုလုပ်

မိုင်းခတ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   မိုင်းခတ်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)