ထန်တလန် ဇန်နဝါရီ ၂၁
ထန်တလန်မြို့မှ ၄ မိုင်ခန့်အကွာ၌ ယနေ့နံနက် ၁နာရီ ၄၅ မိနစ်အချိန်က မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ထန်တလန်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် ၂၄×၁၆ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊ (၂)ထပ် လူနေအိမ်တစ်လုံးတွင် မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် ငြှိမ်းသတ်ရာ နံနက်၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်အား ထန်တလန်မြို့ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)