နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နတ်မောက်  ဇန်နဝါရီ   ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား  ယမန်နေ့နံနက် (၉) နာရီခန့်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးကျော်ဇော ဟိန်း၊  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝင်းသူရ၊  ခရိုင်နှင့်မြို့နယ်မှ တာဝန် ရှိသူများက မြို့နယ်အတွင်းရှိ ဆောင်ရွက်လျက်ရှိသော  စရံအိုင့်ကျေးရွာ  ကုန်ထုတ်လမ်းဆောင်ရွက်နေမှု၊ ပ/ကျောင်းကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုနှင့် ညောင်အိုင် ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံ ကိန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

လှဝင်း  (နတ်မောက်)