သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ရေစီးရေလာ ကောင်းမွန်စေရန် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ယမန်နေ့ မွန်းလွဲပိုင်းက လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ(ရေစီးရေလာ)အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော Online Physical Fitness Dance ပြိုင်ပွဲသို့ ဒလမြို့နယ်မှ ပြိုင်ပွဲဝင် (၁၄) ဦး ဝင်ရောက် ယှဉ်ပြိုင်
Jan 21,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော Stay at home ကာလအတွင်း ပြည်သူများ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အားကစားလေ့ကျင့်မှု အလေ့အကျင့်ကောင်းတစ်ခု ရရှိစေရန်နှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါဘယများမှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ 
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး  ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း ဆက်လက်ပြုလုပ်လျက်ရှိ
Jan 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက် ပြုလုပ်လျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ  မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလာရောက်လှူဒါန်း
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ မြောက်ဥက္ကလာပ မြို့နယ်၌ နေထိုင်သော အလှူရှင်မိသားစုက ယမန်နေ့က ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ် နှိုးဆော်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းများပေးဝေ
Jan 21,2021
ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေ(၃:၃၀) အချိန်က ပဲခူးခရိုင် ဝေါမြို့နယ်အတွင်းရှိ မိုးယွင်းကြီးအင်းရမ်ဆာရေဝပ်ဒေသဘေးမဲ့တော၌ သဘာဝသယံဇာတ များကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေး တားမြစ်နိုးဆော်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)နှင့် IPPF Spring တို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများမှ မိသားစုဝင်များအား ကျန်းမာ‌ရေး‌စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ရဲဝန်ထမ်းအိမ်ရာများနှင့် စည်ပင်ဝန်ထမ်းအိမ်ရာများ၌ နေထိုင်သော မိသားစုဝင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)နှင့် IPPF Spring တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိကဆေးခန်းများကို ပထမအရစ်ငွေပေးချေ
Jan 21,2021
လူမှုဖူလုံရေးအဖွဲ့ရုံး၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများထဲမှ ကျန်းမာရေးကဏ္ဍတွင် အာမခံ အလုပ်သမားများ အဆင်ပြေစွာကုသနိုင်ရေးအတွက် ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၉း၃၀)အချိန်က တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၌ စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိက ဆေးခန်းများကို ပထမအရစ်ငွေပေးချေခြင်းဆောင်ရွက်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အသိပေးနှိုးဆော်
Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ် မီးသတ် ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၁၉ ရက်နေ့ ည ၇နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ တွင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။