မေတ္တာ ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စုရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်မှ အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလအတွက် သုံးလတစ်ကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေကို ဘိုးဘွားတစ်ဦးလျင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် သက်ကြီးဘိုးဘွား (၁၀)ဦးတို့အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ရန်နောင်စိုး