ကျောက်ကြီး ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးမှ ယမန်နေ့ နေ့လယ် (၁၂)နာရီ အချိန်က တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စု ကျွဲခြံကျေးရွာရှိ KNU ကရင်အမျိုးသား အစည်းအရုံး ဆက်ဆံရေး ရုံး၌ မြို့နယ်အတွင်းရှိ ဝေးလံသော တောင်ပေါ်ဒေသမှ တိုင်းရင်းသားဒေသခံများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့သည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဝေးလံသော တောင်ပေါ်ဒေသရှိ မိမိလူမျိုး ဒေသခံ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နေထိုင်စားသောက်ရသည့် အခက်အခဲများနှင့် ဆောင်းတွင်းကာလ အေးချမ်းသည့် ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ၊ စောင်များ၊ အဝတ် အထည်များကို လာရောက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထောက်ပံ့ပစ္စည်းများအား ကျောက်ကြီးမြို့နယ် KNU ကရင်အမျိုးသား အစည်း အရုံး ဆက်ဆံရေးရုံးမှတစ်ဆင့် ကရင်လူမျိုးရေးရာကော်မတီဝင် များသို့ ပေးအပ်ထောက်ပံ့ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေး၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်သူနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ KNU ကရင်အမျိုးသား အစည်းအရုံး ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ စောသိုးမားနှင့် တာဝန်ရှိသူများ၊ ကရင်လူမှုရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
K ခိုင် (ပြန်/ဆက်)