အင်းတကော်မြို့တွင် ရဟန်းသံဃာ၊ သီလရှင်၊ ပြည်သူများအား စတုတ္ထအကြိမ် ဆန်အိတ်များ လှူဒါန်း

ပဲခူး  ဇန်နဝါရီ  ၂၁

ပဲခူးမြို့နယ် အင်းတကော်မြို့၌ ယမန်နေ့ နံနက်ပိုင်းက ဒေါင်းအိုးဝေ မိသားစုမှ ရဟန်းသံဃာ၊ သီလရှင်နှင့် ပြည်သူများအား စတုတ္ထ အကြိမ် ဆန်အိတ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အင်းတကော်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာနေပြည်သူများအား ဆန်အိတ်ပေါင်း(၁၄၀၀)အိတ်အား မိသားစုတစ်စုလျှင် တစ်အိတ်စီ လှူဒါန်းပေးခြင်းဖြစ်ပြီး ကိုဗစ်ကာလတွင် စားသောက်ဆိုင်များ ပိတ်ထားခြင်းကြောင့် အလုပ်သမားနှင့် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လှူဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် ယခုလ(၂၅) ရက် နေ့ တွင်လည်း ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အလှူရှင်မှ ပြောကြားသည်။

ဟိန်းထက်(ပဲခူး)