သရက်ချောင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အသိပေးနှိုးဆော်

သရက်ချောင်း ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ် မီးသတ် ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၁၉ ရက်နေ့ ည ၇နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ တွင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ရာတွင် နေအိမ်ဝန်းကျင်သန့်ရှင်း စေရန်၊ ဆွေးမြေ့ နေသော လျှပ်စစ်ဝိုင်ယာကြိုးများအသုံးမပြုရန်၊မီးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရန်၊ လောင်စာဆီများ သိုလောင် ရောင်းချခြင်းမပြုကြရန်၊ မီးလောင်မှုများဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆက်သွယ် အကြောင်းကြားကြရန် စသည့်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)