မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)နှင့် IPPF Spring တို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများမှ မိသားစုဝင်များအား ကျန်းမာ‌ရေး‌စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တောင်ဥက္ကလာပ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ရဲဝန်ထမ်းအိမ်ရာများနှင့် စည်ပင်ဝန်ထမ်းအိမ်ရာများ၌ နေထိုင်သော မိသားစုဝင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့ က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)နှင့် IPPF Spring တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာတွင် ကလေးငယ်များအား အာဟာရ ကျွေးခြင်း၊ အားဆေးများ ပေးဝေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အိုများအား  အားဆေးပေးခြင်း၊ အိမ်ထောင်သည် အမျိုးသမီးများအား တားဆေးထိုးပေးခြင်းနှင့် သောက်ဆေးများ ပေးဝေခြင်းများအပြင် သားဆက်ခြားနည်းလမ်းများ အကြောင်း ရှင်းလင်း ဟောပြောခြင်းနှင့် သားဆက်ခြားနည်းလမ်းများအကြောင်း သိကောင်းစရာများပါရှိသော လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အသင်းပိုင် သားဖွား ဆရာမများက လည်း ပူးပေါင်းပါဝင်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို အတူတကွဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေထက်အောင်