လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ယမန်နေ့ မွန်းလွဲပိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ(ရေစီးရေလာ) အဖွဲ့ဝင် များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်ကျေးအလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)ရပ်ကွက်၊ နဝဒေးလမ်းမကြီး ရေစီးရေလာ ကောင်းမွန်စေရန် (BoxCulvert)များပြုလုပ်ခြင်း၊ ရေနုတ်မြောင်းကြီးများကို တူးဖော်ဆောင်ရွက်ခြင်း၊ စက်အင်အား၊ လူအင်အားဖြင့် ရေမြောင်းများဆယ်ယူခြင်း၊ အုတ်ရေမြောင်းပြုလုပ်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းတာဝန်ခံ များ နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသကြီး အစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)