တောင်ဥက္ကလာပမြို့နယ်ရှိ  မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလာရောက်လှူဒါန်း

တောင်ဥက္ကလာပ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ မြောက်ဥက္ကလာပ မြို့နယ်၌ နေထိုင်သော အလှူရှင်မိသားစုက ယမန်နေ့ က ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်၊ နီလာ (၅)လမ်းနေ အလှူရှင် သီဟသုဓမ္မသိင်္ဂီ ဒေါ်ကြူကြူမြင့် မိသားစုက မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ သီတင်းသုံးနေထိုင် လျက်ရှိသော ရဟန်း၊ သာမဏေနှင့် ကျောင်းသားများအတွက် ဆွမ်းဆန်တော် (၃၀)အိတ်၊ ကုလားပဲ (၃)အိတ်၊ ဆီ(၅၀) ပိဿာ၊ မုန့်မျိုးစုံနှင့် ဆွမ်းကွမ်းဝေယျာဝစ္စများအတွက် အလှူငွေ (၂)သိန်းကျပ်ကို သမီးဖြစ်သူ ဒေါ်နန်းနွယ်ဦး၏ မွေးနေ့ ကုသိုလ်အဖြစ် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေထက်အောင်