ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး  ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း ဆက်လက်ပြုလုပ်လျက်ရှိ

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက် ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆွေးနွေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး ဦးသိန်းရီ၊ မြို့နယ် ဥပဒေအရာရှိ ဦးအောင်ကိုဦးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ခိုင်ဌေးတို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ ကြီးကြပ်ရေး အဖွဲ့တွင် ပါဝင်သည့် ရပ်မိရပ်ဖ(၅)ဦး၏ အရည်အချင်းသတ်မှတ် ချက် များ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက်များ၊ ကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းတာဝန်များ စသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို လက်ကမ်း စာစောင်များ ဖြန့်ဝေပေး၍ ဆက်လက် အသိ ပညာပေး ရှင်းလင်း ဆွေးနွေးပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်ရှိရာ ယခုကဲ့သို့ အသိပညာပေးခြင်းလုပ်ငန်းကို ဇန်နဝါရီ (၂၁)ရက် အထိ ရပ်ကွက်အလိုက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)