သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ပိုးတွေ့ အတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ

သီပေါ  ဇန်နဝါရီ   ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယနေ့ ကိုဗစ်၁၉ပိုးတွေ့ အတည်ပြုလူနာ()ဦးထပ်မံ တွေ့ရှိရကြောင်း သီပေါမြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

သီပေါမြို့နယ်မှ        ထပ်မံတွေ့ရှိသောကိုဗစ်၁၉        အတည်ပြုလူနာ()ဦးမှာ       သီပေါမြို့နယ် ပန်ခံကျေးရွာအုပ်စု၊ ထန်စန့်ကျေးရွာမှဖြစ်ပြီး အသက်(၁၈)အရွယ်နှင့် (၁၂)နှစ်အရွယ်ရှိ သီလရှင် ဆရာလေးများ ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်၁၉ပိုးတွေ့ အတည်ပြုလူနာ သီလရှင်()ပါးသည် လွန်ခဲ့သော ()နှစ်ခန့်မှစ၍ မန္တလေးမြို့၊ ပြည်ကြီးတံခွန် ဓမ္မစာရီ သီလရှင်ကျောင်းတွင် နေထိုင်၍ ပညာသင်ကြားခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် မန္တလေးမြို့မှ သီပေါမြို့သို့ အငှားမော်တော်ယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာကြောင်း၊  ရေဟော် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ Quarantine Centerတွင် အသွားအလာကန့်သတ် စောင့်ကြည့် ခံထားရသူများဖြစ်ကြောင်းနှင့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ၎င်းတို့၏ အာခေါင်တို့ဖတ်ရယူ၍  မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဌာနသို့ ပို့ဆောင် စစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းပိုးတွေ့လူနာများအား ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အဆိုပါ Quarantine Center များမှ သီပေါမြို့ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကိုဗစ်၁၉ ပိုးတွေ့ အတည်ပြုလူနာ()ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)