ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ထောက်ပံ့‌ငွေပေးအပ်

ဖြူး  ဇန်နဝါရီ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် ဖြူးမြို့နယ်အတွင်း ကရင်လူမျိုးတိုင်းသား အများစုနေထိုင်သော ကျေးရွာများတွင် ကရင်နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိသည့်အတွက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အဖြစ်ထောက်ပံ့ငွေပေးအပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ () နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေးသည်  နှစ်စဉ်ကရင် နှစ်သစ်ကူး ပွဲတော်ကို ကရင်အမျိုးသားအများစုနေထိုင်သော ကျေးရွာများတွင် မိမိတို့ဒေသ အစီအစဉ်ဖြင့် ကျင်းပလေ့ရှိကြောင်း ဖြူးမြို့နယ်အတွင်းကျေးရွာအုပ်စု ()အုပ်စု၊ ကျေးရွာ (၁၆)ရွာရှိ ကရင်လူမျိုးအများစုသည် ပျဉ်းမပင်ကျေးရွာ၊ ငါးဘတ်အိုင်ကျေးရွာ၊ ကျီးမနိုးကျေးရွာ၊ မျက်နီကွင်းကျေးရွာနှင့် မြပဲခူး(ကရင်)ကျေးရွာများတွင် ကျင်းပလေ့ရှိကြောင်း သိရှိရသည့်အတွက် ဝမ်းမြောက် ဂုဏ်မိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဖြူးမြို့နယ်အတွင်း ကရင်နှစ်သစ်ကူးပွဲတော်ကိုကျင်းပမည် ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်စေလိုကြောင်းနှင့် ထောက်ပံ့ ငွေအဖြစ် ငွေကျပ် (၁၂၅၀၀၀ဝိ/-)(ငွေကျပ် တစ်ဆယ့်နှစ်သိန်းငါးသောင်း)ကို ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးထံသို့ လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးမှ ကျေးရွာများရှိ ကရင်လူမျိုးခေါင်းဆောင်များ ထံပေးအပ်ခဲ့ ကြောင်းသိရပါသည်။

မနွယ်(ဖြူး)