ဓာတုပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေးနှင့် GAP စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များ ရှင်းလင်းဆွေးနွေး

တပ်ကုန်း            ဇန်နဝါရီ         ၁၃

ပြည်ထောင်စုနယ်မြ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးတောင်သူများ ဟင်းသီး ဟင်းရွက်များအား ဓာတုပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေးနှင့်GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များရရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျားသေအိုင် ကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာပိုင် သမဝါယမအဆောက်အဦတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းထိန်က စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခင်က တောင်သူများ သီးနှံအထွက် နှုန်းတိုးပွားရေးအတွက် ဦးစားပေးဆောင်ရွက်ရကြောင်း၊ယခုနောက်ပိုင်းမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန် မှန်ကန်သော သီးနှံများရရှိရန် ဆောင်ရွက်ပေးလာရကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် နေပြည်တော် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမျိုးနိုင်က ဓာတု ပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေးနှင့် GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များအား ရည် ရွယ်ချက်များနှင့်အဓိပ္ပာယ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ထိုရှင်းလင်း ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးတောင်သူ (၂၀)ဦးခန့်တက်ရောက်၍ တောင်သူများအား ပိုးသတ်ဆေး သုံးစွဲရာတွင် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ဖို့ သဘာဝ ပိုးသတ်ဆေး သုံးကြစို့ လက်ကမ်းစာစောင်များ(အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်