တာလေ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှ တာလေမြို့အပိုင်းရှိ ပျက်စီးနေသည့် လမ်းနေရာများ ၊ ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများတွင် နေ့စဉ်ဖြတ်သန်းသွားလာနေကြသော အများပြည်သူတို့ ကားဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သော်တာဝင်းကုမ္ပဏီက ပြန်လည်ပြင်ဆင်ခြင်း များ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း နားယောင်းကျေးရွာအုပ်စု အတွင်းရှိ ရန်ကင်းဆီပန့် ရှေ့နေရာတွင် ပျက်စီးနေ သော နေရာအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့ နယ်နိမိတ်အတွင်း ပါဝင်သော ပျက်စီးနေသော လမ်းနေရာများ၊ ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများ တွင် နေ့စဉ်ဖြန်သန်းသွားလာ နေကြသော အများပြည်သူတို့ ကားဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင် ရေးအတွက် လမ်းများအား စနစ်တကျ ပြန်လည်မွမ်းမံပြင်ဆင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှ တာလေမြို့အပိုင်းရှိ ပျက်စီးနေသည့် လမ်းနေရာများတွင် ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများတွင် အများပြည်သူတို့ ကားဆိုင်ကယ်များကို ဘေးအန္တရာယ်ကင်းစွာ မောင်းနှင် သွားလာနိုင်ရေး အတွက် လမ်းများအား စနစ်တကျ ကတ္တရာထပ်ပိုးလွှာထပ်ခင်းခြင်း လုပ်ငန်းများကို သော်တာဝင်းကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး လမ်း၏စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးရေး စနစ်တကျ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်ကျော်မိုး( ပြန်/ဆက်)