ပေါက်ခေါင်းမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေအား ထပ်ဆင့်ရှင်းလင်း

ပေါက်ခေါင်း ဇန်နဝါရီ ၁၅

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး နည်းပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့် ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲမှာ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက  အမှာ စကား‌ပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဇော်ဇော်ဦးက  ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ပုံအဆင့်ဆင့်ကို လည်းကောင်း၊ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာ‌သော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမျာက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)