တနင်္သာရီမြို့နယ်တွင် (ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေးနှင့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး

တနင်္သာရီ  ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲသည် ယနေ့ နံနက်၉နာရီအချိန်က ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဘန်းသဲကျေးရွာမှရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသည့် ရေလုပ်သား များအား မြစိမ်းရောင် (ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းဝေးနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အသိ ပညာပေး ဆွေးနွေးမှုများ ကွင်းဆင်းပြုလုပ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရှိရသည်။

ထိုသို့ ပညာပေးဆွေးနွေးရာတွင် ဆင်ခြေဖုန်းကျေးရွာအုပ်စု- ဘန်းသဲကျေးရွာ မြစိမ်းရောင် ကျေးရွာစီမံကိန်း(ငါးကဏ္ဍ) ကြီးကြပ်မှုကော်မတီမှ ဘဏ္ဍာရေးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် ရေလုပ်သားများ(၁၂)ဦးတက်ရောက်ကြပြီး၊ ဦးစီးအရာရှိဒေါ်တင့်တင့်ရဲက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ငါးကဏ္ဍ) ချေးငွေ၏ အတိုးရငွေများပေးသွင်းခြင်း၊အသုံးစရိတ်ထုတ်ယူခြင်းဆိုင်ရာလုပ်ငန်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရေး၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ငါးဖမ်းဆီးမှုတားမြှစ်ချက် များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရေးနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ လမ်းညွှန်ချက်များအား ပူးပေါင်းဆောင်ရွက်ကြရေး ပညာပေးဆွေး နွေးပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)