မိုးကုတ်မြို့နယ်တွင် ကျောက်မျက်ရတနာ အရောင်း အဝယ်လုပ်ငန်းများ စျေးအေး

မိုးကုတ် ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မိုးကုတ်မြို့နယ်သည် ကျောက်မျက်ရတနာများ ထွက်ရှိမှုကြောင့် နိုင်ငံတစ်ဝန်းနှင့် ပြည်ပနိုင်ငံများတွင် ပတ္တမြားမြေ (Ruby Land)ဟု တင်စားခေါ်ဝေါ် သည့် မြို့တစ်မြို့ဖြစ်ပါသည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားသည့်ကျောက်မျက်ရတနာစျေး(ထာပွဲ)များကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောက်အရောင်းအဝယ် လုပ်ငန်းများဖြင့် ပြန်လည်စည်ကားလာခဲ့သည်။ သို့သော် ကျောက်အရောင်းအဝယ်လုပ်ငန်းများတွင် ကျောက်ရှားပါးမှု၊ ကျောက်စျေးများထင်သလောက် စျေးမပေးတာတို့ကြောင့်အရောင်းအဝယ်ပြုလုပ်သူများအဖို့ အခက်အခဲများ ရှိနေသည်။

မိုးကုတ်မြို့နယ်တွင် ကျောက်တွင်းလုပ်ငန်းများ ပိတ်ထားသည့်အတွက် ကျောက်မျက် ရတနာရှားပါးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ကျောက်စျေး မရရှိခြင်းမှာလည်း ကိုဗစ်-၁၉  ရောဂါကြောင့် အခြားဒေသများသို့ တင်ပို့ရောင်းချရန် မဖြစ်နိုင်တဲ့အတွက် ဝယ်ယူသူများအနေနှင့်လည်း စျေးကြီးကြီးပေး၍ မဝယ် နိုင်ကြခြင်းဖြစ်သည်။မိုးကုတ်မြို့နယ်နေပြည်သူများမှလည်း  ကျောက်မျက် လုပ်ကွက်များပြန်လည် ပြုလုပ်ခွင့်ကိုတောင်းဆိုနေကြပြီး ကျောက်မျက် ရတနာတူးဖော်ခွင့် ရရှိလာပါက အခြေခံလုပ်သားများအနေဖြင့် မိသားစုများ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာမြင့်