ကျုံပျော်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ရာတွင် ကြီးကြပ် ဆောင်ရွက်နိုင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ကျုံပျော်  ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်()ဦး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းကို မြို့နယ် ဧရာမင်းခန်းမ၌ ယနေ့ နံနက် နာရီက ပြုလုပ်သည်။

အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြီးကြပ်ရေး အဖွဲ့ဝင် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ယခု မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အသီးသီးတွင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ညွှန်ကြားချက်များနှင့်အညီ ရွေးချယ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ယခုတက်ရောက် လာသူများက ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားပြီး၊ ရွေးချယ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြာသည်။

ကျုံပျော်မြို့နယ်တွင် ရပ်ကွက်()ခု၊ ကျေးရွာအုပ်စု(၈၉)အုပ်စုရှိပြီး၊ စုစုပေါင်း(၉၇)နေရာတွင် အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များကို ရွေးချယ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ အပါအဝင် စုစုပေါင်း ဝန်ထမ်း(၇၀)ဦးကို ရွေးချယ်ဖွဲ့စည်းထားကြောင်းဖြင့် သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)