မိုင်းဆတ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင် ရွက်နေမှု အခြေအနေကို ယနေ့ နံနက် (၁၁) နာရီက ခရိုင်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၂၂၀.၆၀၅)သန်းဖြင့် တင်ဒါအောင်မြင်သည့် တင်မြင့်ရီ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော အလျား (၇၅)ပေ၊ အနံ(၅၂)ပေ၊ အမြင့်(၂၆)ပေ RC (၂)ထပ် ခရိုင်မီးသတ်ဦးစီးဌာနရုံး တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်ရေး ကုမ္ပဏီတာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ ဆေးရုံဝင်း ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၀၀.၅၈၂) သန်း ဖြင့် တော်ဝင်တန့်ဆိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် အလျား (၁၂၀)ပေ၊ အနံ(၈၆)ပေ၊ အမြင့်(၂၉)ပေ RC (၂)ထပ် ခွဲစိတ်ခန်းပါတိုးချဲ့လူနာဆောင် အဆောက်အဦ တည်ဆောက်မည့် မြေနေရာအားကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မောင် (ပြန်/ဆက်)