ကျေးလက်နေပြည်သူများ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေး
Jan 16,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသခံပြည်သူ များ သွားလာရေး အဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် တာဝန်ရှိသူများက လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။