နတ်မောက် ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း တည်ဆောက်နေသည့် လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး (၇၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို နတ်မောက်မြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်(၄၂.၃၀၄) သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်သူနိုင် (ဦးစီးအရာရှိ)၊ မကွေးတိုင်းဒေသကြီး အဆောက်အဦအထူးအဖွဲ့(၅)မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ လွတ်လပ်ရေးကျောက်တိုင်သည် (အမြင့်၅၄ပေ ၊ အချင်း၅ပေ ၊ ၆လက်မ) ခန့် ရှိကြောင်း သိရသည်။
လှဝင်း(နတ်မောက်)